Batman Begins မှာ Gotham မြို့ကို ကယ်တင်ခဲ့ပြီးတဲ့နောက်မှာ Batman/Bruce Wayne အနေနဲ့ သူ့ရဲ့ အဆိုးဝါးဆုံး ရန်သူ ဖြစ်တဲ့ Joker နဲ့ ရင်ဆိုင်ရမှာဖြစ်ပါ တယ်။ The Dark Knight ကားက Joker နဲ့ Batman ကို တမူထူးခြားတဲ့ ရှု့ထောင့်ကနေတင်ဆက်ထားပြီးတော့၊ Joker အဖြစ်သရုပ်ဆောင်တဲ့ Heath Ledger ကလည်း၊ လူတကာကို ဒုက္ခပေးဖို့က လွဲရင်၊ ဖျက်လိုဖျက်ဆီးလုပ်ဖို့ကလွဲရင် ဘာကိုမှ မလိုချင်တဲ့ ဇာတ်ရုပ်အဖြစ် ပီပြင်စွာသရုပ်ဆောင်ထားပါတယ်။ ဒီကားမှာ Joker က ပိုက်ဆံ၊ အာဏာ၊ ရာထူး ဘာကိုမှ မမက်ပဲ၊ ဖျက်လိုဖျက်ဆီးလုပ် ဖို့နဲ့ Gotham မြို့တစ်မြို့လုံးကို သူလိုပဲ လူဆိုး လူရမ်းကားတွေဖြစ် လာအောင် လုပ်ဖို့ ရည်ရွယ်ချက်နဲ့ လုပ်နေတာတွေကို တားဆီးဖို့ Batman အနေနဲ့ လုပ်ရိုးလုပ်စဉ် ထဲက နေခွဲထွက်ပြီး Joker ကို ဖမ်းဖို့ကြိုးစားရပုံကို တကယ့် စုံထောက်ကား ကောင်းတစ်ကား အနေနဲ့ တင်ဆက်ထားပါတယ်။

Marvel ပရိတ်သတ်တွေအတွက် စကားလက်ဂျွန်ဆန်သရုပ်ဆောင်ထားတဲ့ Black Widow ဆိုတဲ့ကားလေး ထွက်ရှိလာပါပြီ ဒီဇာတ်ကားမှာတော့ နာတာရှာရဲ့Avenger ဖြစ်မလာခင်ဘဝနဲ့ကလေးဘဝကိုပါစုံစုံလင်လင် ရိုက်ကူးပြထားတာတွေ့ရမှာပါသူ့ရဲ့အတိတ်တုန်းကနေခဲ့ရတဲ့Red Room ဆိုတဲ့လုပ်ကြံသတ်ဖြတ်သူအဖွဲ့အစည်းကိုဖျက်ဆီးလိုက်ပြီထင်ခဲ့ပေမယ့် ထိုအဖွဲ့အစည်းဟာသူမသိဘဲဆက်လက်တည်ရှိနေသေးတဲ့အပြင် ခေါင်းဆောင်ဒရီကော့ဗ်ဆိုသူပါရှင်ကျန်နေတာကို သိလိုက်ရပါတယ် ဒါ့အပြင်သူ့လိုမျိုးပဲ တခြားသောမိန်းကလေးတွေကိုလည်းဓာတုဆေးတွေသုံးပြီး လုပ်ကြံသတ်ဖြတ်သူ (widow)တွေအဖြစ် ဖန်တီးနေတာကို နာတာရှာတစ်ယောက်သိသွားတဲ့အချိန်မှာ Red Room ကိုဖျက်ဆီးဖို့ကြိုးစားပါတော့တယ်အက်ရှင်အလန်းစားတွေနဲ့ အရမ်းကိုကြည့်ကောင်းတဲ့ဇာတ်လမ်းလေးမလို့ ကြည့်ရှုလိုက်ကြပါဦးနော် ဒီကားရဲ့နောက်ဆုံးပိုင်းနား လေးမှာ Black Widow အသစ်ဖြစ်လာမယ့်သူကိုတစ်ခါတည်းမိတ်ဆက်အစပျိုးပေးထားလို့ အဆုံးထိစောင့်ကြည့်ကြပါနော်

I Spit On Your Grave ရဲ့ တတိယမြောက်ဇာတ်ကားဖြစ်တဲ့ Vengeance Is Mine ဆိုတဲ့ဇာတ်ကားကို တင်ဆက်ပေးချင် ပါတယ်။ ဒီတစ်ကားမှာ ဂျနီဖာဟေးစ် ဟာ အရင်တုန်းက အုပ်စုဖွဲ့မုဒိမ်းကျင့်ခံရတဲ့ မှတ်ဉာဏ်တွေ အချိန်တိုင်း ခြောက် လှန့်တာခံနေရပါတယ်။ သူဟာ သူ့နာမည်တွေ၊ မြို့တွေ ပြောင်းနေခဲ့ပြီး ဘ၀အသစ်တစ်ခုကို စတင်ဖို့ ကြိုးစားခဲ့ပါတယ်။ ပြီးတော့ သူ့စိတ်ကျန်းမာရေးဆရာ၀န်ရဲ့ အကြံပေးချက်အရ အုပ်စုဖွဲ့စိတ်ကုထုံးလုပ်တဲ့အဖွဲ့ထဲ ၀င်ရောက်ပြီးတဲ့နောက် မှာ မာလာ ဆိုတဲ့ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ယောက်ကို တွေ့ရှိခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာ မာလာအသတ်ခံရ ပြီး လူသတ်သမားက တရားသေလွတ်မြောက်သွားတဲ့အခါ ဂျနီဖာတစ်ယောက် တရားမျှတမှုကို ကိုယ်တိုင်ပဲရှာဖို့ ကြိုး စားပါတော့တယ်။ ဒါတင်မက သူ့ပတ်၀န်းကျင်မှာ မုဒိမ်းမှုတွေ များလာတဲ့အခါ သူဘယ်လိုမျိုး လက်စားချေဖို့ ကြိုးစားမ လဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ သတ်တာဖြတ်တာတွေ၊ သွေးထွက်သံယိုတွေနဲ့ ဖင်ကျိန်းစရာ အကွက်ဆန်းတွေ ပါ၀င်ပါတယ်။
အ​မေရိကန်ရဲ့အကြီးဆုံး ​မွေးမြူ​ရေးခြံဖြစ်တဲ့ မွန်တားနားပြည်နယ် ရဲလိုးစတုန်းမ်ခြံကြီးရဲ့ ပိုင်ရှင် ဒပ်တန်မိသားစု​အ​ကြောင်းကို အသား​ပေးထားတာ ဖြစ်ပါတယ်။ မိသားစုရဲ့အိမ်​​​ထောင်ဦးစီးဖြစ်တဲ့ ဂျွန်ဒပ်တန်ဟာ သူပိုင်တဲ့ခြံကြီးကို ဦးစီးရင်းခြစားမှု​တွေနဲ့လက်ဝါးချင်းရိုက်​နေတဲ့ နိုင်ငံ​ရေးသမား​​တွေနဲ့ ​ဒေသခံသစ်လုပ်ငန်းရှင်​တွေ ကန်ထရိုက်လုပ်ငန်းရှင်​​တွေ၊ မြို့ပြတိုးချဲ့​ရေးအ​ကြောင်းပြ ပြည်သူပိုင်သိမ်းယူလိုမှု​တွေ၊ နယ်​မြေချင်းဆက်​​နေတဲ့အင်ဒီးယန်း​တွေနဲ့ကာလရှည်မသင့်မြတ်​မှုတွေ၊ မိသားစုပဋိပက္ခ​တွေကြားထဲက ခြံကြီးကို မဆုံးရှုံးရ​အောင် ကြိုးစားထိန်းသိမ်းပုံ​တွေကိုကြည့်ရှူရမှာပါ။ဒီစီးရီးဟာ ​ကောင်းဘွိုင်ဇာတ်တစ်ခုတည်း မဟုတ်ဘဲ နိုင်ငံ​ရေးနဲ့စီးပွား​ရေး၊ ဥပ​ဒေ​ရေးရာ အားပြိုင်မှု​တွေ၊ ​တစ်ဘက်နဲ့တစ်ဘက်ရဲ့​ခေါင်းတုံး​ပေါ် ထိပ်ကွက်မှု​တွေ၊ လျင်သူစား​ကြေး ဉာဏ်ရည်ချင်းအားပြိုင်မှု​၊ လက်ရုံးချင်းအားပြိုင်မှု စသဖြင့် ရသမျိုးစုံပေးနိုင်တဲ့စီးရီးဖြစ်ပြီး ဇာတ်လမ်းတင်ဆက်ပုံကလည်း အ​တော်ကြမ်းတာမို့​ကောင်းဘွိုင်series ကြိုက်သူ​တွေအတွက် တ​မျှော်​မျှော်ဖြစ်​စေမဲ့Seriesပဲဖြစ်ပါတယ်။

ဒီစီးရီးရဲ့ အချိန်ကာလကတော့ စတားဝါးစ် ၆ – ရီထန်းအော့ဖ်သယ်ဂျဒိုင်း အပြီးကနေ စတင်ထားတာပါ။ ဆရာယိုးဒါး၊ အင်ပါယာ၊ ဒါ့သ်ဗိတ်ဒါတို့ သေဆုံးပြီးသွားခဲ့ပါပြီး။ ဆရာယိုးဒါးဟာ အသက် ၉၀၀ ဝန်းကျင်မှာ သေသွားခဲ့တာပါ။ ဒါကိုလည်း အကြောင်းရှိလို့ ပြောပြတာပါ။ စီးရီးရဲ့ နာမည် မန်ဒါလိုရီးယန်း ဆိုတာ စတားဝါးစ်ရဲ့ နာမည်ကျော် မျိုးနွယ်စု တစ်ခုနာမည်ပါပဲ။ သူတို့တွေဟာ နာမည်ကျော် ချပ်ဝတ်အင်္ကျီတွေနဲ့ တိုက်ခိုက်မှုကျွမ်းကျင်ကြလို့ ကျော်ကြားပါတယ်။ စတားဝါးစ် နံပါတ် ၅ အင်ပါယာ စထရိုက်ဘက်မှာ မိတ်ဆက်သွားတာကို တွေ့မှာပါ။ နောက်ပြီး စတားဝါး ၂ – ကလုန်းစစ်ပွဲမှာလည်း ပါပါတယ်။ ပထမဆုံး မိတ်ဆက်ခဲ့တဲ့ ဘော့ဘာဖက်ထ်ရဲ့ ကာရိုက်တာကို လူကြိုက်များလာတဲ့အတွက်မန်ဒါလိုရီးယန်း ဇာတ်လမ်းတွေ ထပ်ပြီးပေါ်ပေါက်လာခဲ့တာပါပဲ။ ဒီအထဲမှာ ဘက်စကာဆိုတဲ့ မန်ဒါလိုရီးယန်း ဝတ်စုံသတ္တုလည်း ပါပါတယ်။
ဇာတ်လမ်းကတော့ မှိုပိုးတစ်မျိုးကြောင့် လူတွေ အသားစားတဲ့ဇွန်ဘီးတွေလိုဖြစ်သွားပြီး ကမ္ဘာပျက်သွားပြီးနောက် နှစ် ၂၀ မှာအခြေပြုထားပါတယ်။ နယ်မြေတိုင်းမှာ သီးသန့်ဇုံတွေနဲ့ FEDRA အဖွဲ့ကစစ်အာဏာရှင်အဖြစ် တင်းတင်းကြပ်ကြပ်အုပ်ချုပ်နေပါပြီ။ဇုံတွေထဲက ခိုးထွက်ရင် ခိုးဝင်ရင်ကို ကြိုးပေးသတ်ပါတယ်။သူတို့တွေကို ပိုးစုန်းကြူးတွေဆိုတဲ့ တော်လှန်ရေးအဖွဲ့တွေကလည်းတိုက်ခိုက်နေပါတယ်။ ဂျိုအယ်ကတော့ ဘော့စ်တွန် သီးသန့်နယ်မြေထဲကမှောင်ခိုသမားတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူ့ရဲ့ညီကိုရှာဖို့ခိုးထွက်ဖို့ကြိုးစားချိန်မှာ ပိုးစုန်းကြူးတော်လှန်ရေးအဖွဲ့ကလည်းဗရိုနီကာဆိုတဲ့ ကလေးမလေးကို အရမ်းအရေးကြီးတဲ့အကြောင်းတစ်ခုနဲ့ ကယ်ထုတ်ဖို့ ကြိုးစားနေပါပြီ။ ဂျိုအယ်နဲ့ ပိုးစုန်းကြူးအဖွဲ့တွေ့ပြီး ဗရိုနီကာနဲ့ဘယ်လိုစွန့်စားခန်းတွေ ဖွင့်မလဲဆိုတာကိုမင်းသားကြီး Denzel Washington ဆိုတာ ရုပ်ရှင်လောကထဲမှာတင်မက တခြားပြင်ပလောကတွေမှာပါ ဩဇာကြီးမားတဲ့ အနုပညာရှင်တစ်ဦးပါ… ဒီလိုမင်းသားကြီးကို အသုံးပြုပြီး လောကကြီးရဲ့ တလွဲတွေကို ချိန်ညှိသူအဖြစ် ရိုက်ကူးထားတဲ့ The Equalizer ရုပ်ရှင်ကားတွေဟာ တကယ့်ထိပ်တန်း အက်ရှင်ဇာတ်ကားတွေပါပဲ.. နိုင်ရာစားလောကကြီးကို ကျွန်တော်တို့ မျက်မြင်မှာ လုပ်ငန်းခွင်တွေမှာ ဘဝတွေမှာ နေ့စဉ်မြင်တွေ့ ခံပြင်းနေကြမှာပါ… ဒီလိုနိုင်ရာစားလောကကြီးကို တရားသဖြင့် ချိန်ညှိပေးမယ့်သူအဖြစ် Denzel Washington ကတကယ့်တရားသူကြီးတစ်ယောက်လို တည်ငြိမ်ရင့်ကျက်စွာသရုပ်ဆောင်ထားပါတယ်။ ထူးခြားတာကတော့ သူက လောကကြီးကို ချိန်ညှိဖို့အတွက် ရက်စက်ဖို့လဲ ဝန်မလေးတဲ့ယမမင်းတစ်ပါးလို လက်သံပြောင်သူအဖြစ် အားရစွာမြင်တွေ့ရမှာပါ။

Wednesday ဟာ လူသတ်မှုနဲ့ ကျောင်းကနေ အထုတ်ခံရပြီး သင်းကွဲတွေလူထူးဆန်းတွေချည်းပဲ တက်တဲ့ နဲဗားမောဆိုတဲ့ကျောင်းကို ရောက်သွားခဲ့ပါတယ်။ အဲဒီကျောင်းအုပ်ဟာ သူ့ရဲ့အမေနဲ့ ကျောင်းနေဖက်ဖြစ်ခဲ့ပြီး၊ သူ့အမေနဲ့အဖေကလည်း ဒီကျောင်းမှာပဲ တွေ့ပြီး ချစ်မိခဲ့ကြတာပါ။ အဲဒီကျောင်းမှာသွေးစုတ်ကောင်တွေ၊ ဝံပုလွေတွေ လို သဘာဝလွန်မျိုးနွယ်တွေ လာစုနေကြတာဖြစ်ပါတယ်။ အဲဒီကျောင်းပတ်လည်မှာတော့ ထူးထူးဆန်းဆန်း လူတွေတစစီလုပ်ပြီး အသတ်ခံရတဲ့အမှုတွေ ဖြစ်နေပါတယ်။ Wednesday တစ်ယောက်ကျောင်းကိုရောက်အပြီးမှာတော့ သဘာဝလွန်ပဟေဠိတွေ ကြောက်စရာဖြစ်ရပ်တွေနဲ့ တွေ့ကြုံပြီး ဘာဆက်ဖြစ်မလဲဆိုတာ ဆက်ကြည့်လိုက်ကြပါဦး။Scream ရုပ်ရှင်တွေဟာ ကမ္ဘာကျော် ဖရန်ချိုက်စ် ရုပ်ရှင်တွဲ‌တွေပဲမို့ အများစု သိပြီးသားဖြစ်မှာပါ။ အခုနောက်ဆုံးထွက်တဲ့ ရုပ်ရှင်က Scream-5 တော့ rating 7 အထိ ရထားတာပြီး အတော်ကြည့်လို့ကောင်းပါတယ်။ ခုနောက်ပိုင်း ရုပ်ရှင်တွဲပေါင်းစုံရဲ့ နောက်ဆက်တွဲတွေက ကြည့်ရတာ စိတ်ပျက်ရတာ များနေတဲ့အချိန်မှာ Scream ကတော့ တမူထူးခြားအောင်ပြသွားပါတယ်။ ဒီကားက လူသတ်ဟော်ရာကားဖြစ်သလို စုံထောက်လို လျို့ဝှက်ဆန်းကျယ်လိုလို ဟာသလိုလိုလေးတွေလည်းပါပါသေးတယ်။ ဟောလိဝုရဲ့ ရုပ်ရှင်အတွဲလိုက်ကြီးတွေကိုတောင် လှောင်သွားပါသေးတယ်. Scream-1 ဟာ အရမ်းကောင်းခဲ့ပေမဲ့ Scream 2,3,4 က သိပ်ခြေရာမနင်းနိုင်တာကိုလည်း ပြန်လှောင်ထားသလိုပါပဲ။ အရင်ရုပ်ရှင်တွေရဲ့ မူလဒါရိုက်တာက ဆုံးပါးသွားပြီဖြစ်လို့ ဒီကားကတော့ ဒါရိုက်တာအသစ်ရဲ့လက်ရာအသစ်ပါပဲ။ ဒါ့အပြင် သရုပ်ဆောင် လူငယ်အသစ်ကောင်းကောင်းတွေကို မူလရုပ်ရှင်တွေထဲက သရုပ်ဆောင်တွေနဲ့ သေချာပေါင်းစပ်ထားပြီး ဇာတ်လမ်းကိုလည်း ဆန်းသစ်ထားတာမို့ rating ကောင်းရနေတာဖြစ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်းတော့ မပြောတော့ဘူး စပရိုက်များများဖြစ်အောင်လို့ပါ။ ကြည့်ကြည့်လိုက်ပါ ကြိုက်မှာပါ။

လက်ထပ်ဖို့ကြံနေတဲ့အတွဲရှိတယ်ဗျာ။ ကျောက်ကျင်းတစ်ခုကို ကောင်လေးက ခေါ်သွားတယ်။ ရေကန်လိုဖြစ်နေတာပေါ့။ ဘီကီနီနဲ့စကီက ရေထဲစိမ်လိုက် တက်လိုက် နေတာပေါ့။ ၁၂နှစ်သားကလေးတွေက မလှမ်းမကမ်းမှာ နှောင့်ယှက် ချောင်းကြည့် အကုန်လုပ်ပေါ့။ နောက်ကျ သူတို့ကားသော့ပါယူပြေးရော။ ဒီလိုနဲ့ မိုက်ကယ်ကြီးက ကားသော့ပြန်ယူဖို့ကြိုးစားရင်း ကတောက်ကဆတ်တွေဖြစ်လာတယ်။ ဒီနောက် ဘယ်လိုအသည်းထိတ်စရာတွေ ကြုံရမလဲကြည့်ရမှာပါ။ ၁၂နှစ်ကလေးတွေနဲ့ဖြစ်တဲ့ဇာတ်ကိုမှ တော်တော်ကြီးကြမ်းနေတော့ အသဲထိတ်စရာတော်တော်ကောင်းပါတယ်။ မကြည့်ရသေးရင်တော့ ကြည့်ကြည့်ပါ။ Must Watch ပါပဲ။ ဒါမျိုးကားဆိုတာ ရှားရှားပါးပါးနဲ့ကို အရသာရှိနေတဲ့ကားလို့ဆိုရပါမယ်။

တိတ်တခိုး ချစ်ရသူ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ ကိုယ့်နဲ့အသက်၇နှစ်ကွာဟနေတဲ့အစ်ကိုကြီးတစ်ယောက်ကိုခိုးချစ်နေတဲ့ ဆယ်ကျော်သက်ရင်ခုန်တတ်စအရွယ်မိန်းကလေးတစ်ယောက်ရဲ့တိတ်တခိုးအချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ သစ်ရွက်လေးလှုပ်ရုံတင်ရင်ခုန်တတ်စအရွယ် စန်းကျီမှာ တိတ်တခိုးခိုးချစ်နေရတဲ့ ကောင်လေးတစ်ယောက်ရှိပါတယ်။သူကတော့ အိမ်ကိုခဏခဏလာပြီးအစ်ကိုဖြစ်သူနဲ့ဆော့ကစားလေ့ရှိသူ ကိုကိုသွမ်ကျားရွှပါ။ အခြေအနေမပေးမှုကြောင့် စန်းကျီနဲ့သွမ်ကျားရွှတို့ အချိန်တော်ကြာဝေးကွာသွားခဲ့ရပြီး အထက်တန်းကျောင်းပြီးလို့ တက္ကသိုလ်ပြန်တက်ရတဲ့အချိန်မှာ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပါတယ်။ ကိုကိုသွမ်ကျားရွှရဲ့ စန်းကျီလေးအပေါ်ဂရုစိုက်မှုတွေနဲ့အတူ အနေနီးမှုတွေကနေပြီး ချစ်သူတွေဖြစ်သွားကြမလား။အချိန်တွေရှည်ကြာတာတောင် တစ်သားတည်းရှိနေစန်းကျီရဲ့အချစ်တွေက ကိုကိုသွမ်ကျားရွှဆီရောက်သွားမလား ဆိုတာကို BLSFLIX မှာစောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။ #victor_khai class='col-md-12 col-sm-12 col-xs-12 w photo-hashtag marginb0'>

ဘိုဂါတာကို လံဘီယာနိုင်ငံမှာ မှောင်ခိုဂိုဏ်းတစ်ခုကနေပြီး အန္တရာယ်များတဲ့ နည်းပညာလက်နက်တစ်ခုကို တီထွင်လိုက်ပါတယ် အဲ့ဒီစက်ပစ္စည်းဟာဆိုရင် အင်တာနက်ပေါ်က အရာအားလုံးကို ချိတ်ဆက်ရယူနိုင်ပြီးတော့ ကောင်းကင်ပေါ်က လေယာဉ်တွေကနေ ဖုန်းတွေအထိထိန်းချုပ်လို့ရသွားမယ့်ပစ္စည်းမျိုးဖြစ်ပါတယ် ဒီလိုစက်ပစ္စည်းမျိုးသာ မကောင်းတဲ့လူတွေ လက်ထဲရောက်သွားရင်တစ်ကမ္ဘာလုံးဒုက္ခရောက်သွားနိုင်တဲ့အတွက် စီအိုင်အေအေးဂျင့်ဖြစ်တဲ့ မေ့စ်တစ်ယောက် Drive ကိုအရယူ နိုင်ဖို့အတွက် ကြိုးစားရပါတော့တယ် ဒါပေမယ့် Drive ကိုလိုချင်နေတဲ့အဖွဲ့အစည်းတွေများတဲ့အတွက်မစ်ရှင်က လုံးဝကိုမလွယ်ကူလှပါဘူး ကမ္ဘာကြီးကိုဖျက်ဆီးမယ့် ဒီ Drive ကိုနောက်ဆုံးအထိ မကောင်းသူတွေလက်ထဲ မရောက်အောင်ကာကွယ်သွားနိုင်ပါ့မလား ဘယ်လိုအခက်အခဲတွေ အန္တရာယ်တွေကိုဖြတ်ကျော်ရဦးမလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာဆက်လက်စောင့်ကြည့်ပေးကြပါဦးနော်